အိမ်မဲမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

အိမ်မဲ အောက်တိုဘာ ၅

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာနေ့ အထိမ်းအမှတ်အဖြစ် "ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)  ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အငြိမ်းစားဆရာကြီး အထက်တန်းပြ ဆရာဦးစိုးလင်းက ကမ္ဘာ့ဆရာများနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်းများ၊ ယနေ့ခေတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍများ၊ ဆရာ/ ဆရာမများ၏ ဂုဏ်ကျေးဇူးများ၊ မြန်မာနိုင်ငံရှိ မြို့နယ်အသီးသီးတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပရသည့် အကြောင်းများ၊ ဆရာများအား မည်သည့်အတွက်ကြောင့် အန္တနဂိုဏ်းဝင်အဖြစ် သတ်မှတ်ခဲ့ပုံများ၊ ဆရာ/ဆရာမများမှ နာ(၃)နာဖြင့် ကျောင်းသား/သူများအား သင်ကြားဆောင်ရွက်နေသည့် အကြောင်းများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ သည်။

အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေမြတ်များ အထိမ်းအမှတ်နေ့များကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိ စေရေးအတွက် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှ တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ)