ပြည် အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေဝမ်းကြောင်း အထောက်အကူပြုလုပ်ငန်း အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ် ဘန့်ပြင်အုပ်စု ဘန်ပြင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ ပြည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ခင်မြဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းမြင့်ဇော်က အသေးစားမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး၊ သင်တန်းသား/သင်တန်းသူများအား တာဝန်ရှိသူများက သင်အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အပ်ချုပ်စက်သင်တန်းကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းတွင် သင်္ဘောသားအင်္ကျီ၊ ကလေးဂါဝန်၊ ဘောင်းဘီ၊ ရင်ဖုံး၊ ရင်စီး၊ နောက်ကွဲ၊ အလှဒေါက်၊ စကပ်သုံးလွှာ၊ စကပ်လေးလွှာ၊ ချိတ်လုံချည်၊ ရှက်အင်္ကျီချုပ်နည်းများ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းသိရသည်။ ယင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သင်တန်းသား / သင်တန်းသူ(၂၅)ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ (၁)လတိတိကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
ကိုစိုး(ပြည်)