ဘုရားသုံးဆူမြို့တွင် (၂)လသားမှ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ထိုးနှံတိုက်ကျွေးခြင်း ပြုလုပ်ဆောင်ရွက်

ဘုရားသုံးဆူ အောက်တိုဘာ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ကျေးလက်ကျန်းမာရေးဌာနတွင် ၂ လ သားမှ ၁ နှစ်ခွဲ အရွယ်ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေး၊ထိုးနှံ၊တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီအချိန်တွင် ဆောင်ရွက်သည်။

ပုံမှန်ကလေးကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာ ရေးမှူး ဒေါ်စောယုမာနှင့်ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းမျဉ်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ပုံမှန်ကလေးကာကွယ်ဆေး တိုက်ကျွေး၊ထိုးနှံမှုတွင်  အသည်းရောင်အသားဝါ၊ ပြင်းထန် အဆုတ်ရောဂါ၊ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေး‌ရောင်)၊ပိုလီယိုဆေးများတိုက်ကျွေးခြင်း စသည့် ကာကွယ်ဆေး (၁၄)မျိုးကို ထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းများကိုပုံမှန်ဆောင်ရွက်လျက်ရှိရာ  ၅နှစ်အောက် ကလေးငယ်များအတွက် ဆေးစိမ်ခြင်းထောင်များကို အခမဲ့ဖြန့်‌‌‌‌‌ဝေပေးနေလျက်ရှိကြောင်းသိရသည်။ အဆိုပါ ပုံမှန်ကလေးကာကွယ်ဆေးထိုးနှံ၊တိုက် ကျွေးခြင်းလုပ်ငန်းများကို လစဥ် ပုံမှန် ၃ ရက်နေ့မှ ၄ ရက်နေ့အထိ  နံနက် ၈ နာရီမှ စတင်၍ လစဥ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)