ကြံခင်းမြို့တွင် အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊  ဆေးတိုက်ခြင်းဆောင်ရွက်

ကြံခင်း  အောက်တိုဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည် နှင့်ဘက်စုံသားဖွားဆရာမများမှ အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးငယ်များနှင့်  ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်း များကိုဆောင်ရွက် ပေးကြကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းအဖြစ် အသက်(၂)လမှ(၁)နှစ်ခွဲ ထိကလေး ငယ်များအားပိုလီယိုရောဂါ  ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ(ရိုတာ) ကာကွယ်ဆေးများတိုက်ကျွေးခြင်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန် အဆုတ်ရောင် ရောဂါကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ် ဆေးများကိုထိုးနှံ၊ တိုက်ကျွေးပေးကြောင်းနှင့် အဆိုပါပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ခြင်းကို (အပတ်စဉ်)အင်္ဂါ၊ ကြာသပတေးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ် ကျန်းမာရေးဌာနမှတာဝန်ရှိသူထံကသိရသည်။

မြို့နယ်( ပြန်/ဆက်)