စလင်း အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ စလင်းရေလှောင်တမံအတွင်း စက်တင်ဘာနောက်ဆုံးပတ်မှ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ယနေ့နံနက် ၆ နာရီအချိန်အထိ စလင်းတမံရေပိုလွှဲမှ ရေများစီးဆင်းကျော်ကျလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ စလင်းတမံအထက်ပိုင်းတွင် မိုးများစွာရွာသွန်းခဲ့၍ စလင်းတမံအတွင်း မိုးရေများဝင်ရောက်မှုရှိခဲ့ရာ စက်တင်ဘာလကုန်ရက်မှ အောက်တိုဘာ ၂ ရက် ၃ ရက်နေ့ညများအထိ မိုးရွာသွန်းခဲ့၍ စလင်းရေလှောင်တမံရေပြည့်အမှတ် ၇၆၀ ပေထက်ကျော်လွန်ခဲ့ပြီး ယနေ့နံနက် ၆ နာရီတိုင်းထွာချက်အရ ရေအမှတ် ၇၆၁ ပေရှိခဲ့ပြီး မိုးရေချိန် ၀.၇၁ လက်မရှိကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ SAE ဦးခိုင်ထွန်းထံမှ သိရသည်။
မောင်လွင်(စလင်း)