သာယာဝတီ အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်တွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) ၁/၂၀၂၂ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းကိုဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါသင်တန်းကို မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးသတ်စွမ်းရည်မြင့်မားရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ကြိုတင်ကာကယ်ရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းစွမ်းရည်များ မြင့်မားရေးတွက်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ၊ BASET အသုံးပြုနည်း၊ ရှာဖွေကယ်ဆယ်ပစ္စည်းများအသုံးပြုနည်းများကို ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်းနှင့်မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းနိုင်တို့မှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား(၅၀)ဦးအား အောက်တိုဘာလ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်ဆက်)