ကံမမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကံမ အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို   မြို့နယ်ခန်းမ၌   ယမန်နေ့ ညနေ ၄ နာရီက  ကျင်းပပြုလုပ်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ် ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။  

အခမ်းအနားတွင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို  မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးသတ်စွမ်းရည်မြင့်မားရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားရေးအတွက်ရည်ရွယ်၍ အောက်တိုဘာ ၃ ရက်နေ့မှ ၂၈ ရက်နေ့ထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)