လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်၊စာစောင်များ လိုက်လည်ငှားရမ်းပေး

လှိုင်းဘွဲ   အောက်တိုဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေ ရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်သူများ လက်ဝယ်အရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်း အမှတ်(၁) အခြေခံပညာ မူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mobile စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်း သား၊ကျောင်းသူများ စာပေကို အလွယ်တကူလေ့လာ ဖတ်ရှုနိုင်ရန် အတွက် သုတ/ရသ စာအုပ်များ၊ ရုပ်ပြပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ စကားပုံစာအုပ်များ၊ ဂျာနယ်များ စသည့် ကလေးများ အသိပညာ၊ဗဟုသုတရရှိစေမည့်  စာအုပ်စာစောင်များကို ခင်းကျင်းပြသကာ ကျောင်းသား၊ကျောင်းသူများက လေ့လာဖတ်ရှုခြင်း၊ ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)