ဒေးဒရဲမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်များအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

ဒေးဒရဲ အောက်တိုဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီးမံချက်(၂)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုစာရင်းများအား ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က ကျွဲသလင်းကုန်းကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးခြင်းကို ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လက်ထောက်ဦးစီးမှူး စိုင်းအောင်အေးလှိုင် ဦးဆောင်သော ဝန်ထမ်းများက ကျွဲသလင်းကုန်းကျေးရွာအုပ်စုရှိ အသက်(၁၀) နှစ်ပြည့် (၃)ဦး၊ အသက်(၁၈)နှစ်အထက် (၃၇)ဦး၊ လှဲလယ်(၁၅)ဦးနှင့် မိတ္တူ(၇၇)ဦး စုစုပေါင်း(၁၃၂)ဦး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း