ငပုတော အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ စားသုံးသူရေးရာဦးစီးဌာနနင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စားသောက်ကုန်များတားတွင် ဖော်မလင်ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ငပုတောမြို့ရှိ မြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စာသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်သည့်လုပ်ငန်းများနှင့် ပတ်သတ်၍ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဥ်များနှင့်အညီ စာသုံးရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့် စည်ပင်သာယာရေးအဖွဲ့မှ စျေးတာဝန်ခံ ဦးနေလင်းထက်၊ စျေးဥက္ကဋ္ဌ ဦးဇော်မျိုးတို့က ငပုတောမြို့မစျေးအတွင်းရှိ ဟင်းသီးဟင်းရွက်ဆိုင်များနှင့် မုန့်မျိုးစုံဆိုင်များတွင် စျေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်များတွင် ဖော်မလင် ပါဝင်သော မုန့်ဟင်းခါးဖတ်၊ ပဲပြား၊ ဘဲသွေးများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် ကလေးများအဟာရဖြည့်စွက်စာ အမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရာ၌ မိခင်နို့အစားထိုးအသုံးပြုနိုင်ကြောင်း ဖော်ပြထားခြင်း ရှိ၊ မရှိ ကြည်ရှူ့စစ်ဆေးခဲ့ပြီးနောက် ပြည်သူများအား စားသောက်ကုန်များတွင် ကုန်အညွှန်း အမှတ်အသားများကို စစ်ဆေးခြင်းနှင့် ရက်လွန်ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲခြင်း မပြုကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အောင်သူ(ငပုတော)