ကော့သောင်း အောက်တိုဘာ ၄
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအားပါးစပ်နှာခေါင်းစည်းများ လိုက်လံ ဝေငှတပ်ဆင်ပေးသည့် Mask Campaign လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ဈေးလမ်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများ လမ်းထွက်ပါက နှာခေါင်း စည်းများတပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့်အသိပေးထားပြီးဖြစ်ပြီး ပြည်သူအများစုနှာ ခေါင်းစည်း တပ်ဆင်ကြသော်လည်း စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ယခုကဲသို့ မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော် မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ ဘော်လံဒီ ယာအဖွဲ့များ ပူးပေါင်းကာ လမ်းထွက်သွားလာနေသူများကို ပါးစပ်နှာခေါင်းစည်း ဝေငှတပ်ဆင်ပေးသည့် Mask Campaign လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)