တောင်ငူပညာရေးဒီဂရီကောလိပ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ ကျင်းပ

တောင်ငူ အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ယမန်နေ့နံနက်ပိုင်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသည် တောင်ငူပညာရေးဒီဂရီကောလိပ်မှ အငြိမ်းစားယူသွားသည့် အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများနှင့် လက်ရှိပညာရေးဒီဂရီကောလိပ်ရှိ ဆရာကြီး၊ ဆရာမကြီးများအား လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၈/ ၂၀၂၂) သင်တန်းသား၊ သင်တန်းသူများက မြတ်ဆရာများကို ပူဇော်ကန်တော့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားဖြစ်ကြောင်း တောင်ငူပညာရေးဒီဂရီကောလိပ်မှ သိရသည်။

ခရိုင် ပြန်/ဆက်