လက်ပံတန်း အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနခန်းမ၌ ယနေ့နံနက် ၉ နာရီ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစီးအရာရှိဦးလင်းကျော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြေားကြားခဲ့သည်။
အဆိုပါသင်တန်းကို မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးသတ်စွမ်းရည်မြင့်မားရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ကြိုတင်ကာကယ်ရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းစွမ်းရည်များမြင့်မားရေးတွက် ရည်ရွယ်၍ အောက်တိုဘာ ၃ ရက်နေ့မှ ၂၈ ရက်နေ့ထိ ရက်သတ္တပတ် ၄ ပတ်ကြာဖွင့်လှစ်မည်ဖြစ်ပြီး လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု ၅၃ အုပ်စုမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)