ပိုင်ကျုံမြို့၌ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေး

ပိုင်ကျုံ    အောက်တိုဘာ    

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကြိမ်ပြည့် ထိုးနှံပြီးစီးမှု ကာလ ၆လနှင့်အထက်ရှိသူများအား  ထပ်‌ဆောင်းကာကွယ်‌ဆေးအဖြစ် ထိုးနှံခြင်းကို  ယနေ့မွန်းလွဲပိုင်းက မြို့အထွေ ထွေအုပ်ချုပ်‌ရေးဦးစီးဌာနတွင် ထိုး‌နှံ‌ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၏ ဦးဆောင်မှုဖြင့် ကျန်းမာ‌ရေးဝန်ထမ်းများတို့က ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ် တစ်ခါမှထိုးနှံခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆လနှင့် အထက်ရှိသည့်  ရဟန်းသံဃာ‌တော်များ၊   ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသနေပြည်သူများအား   ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်မှုကို  ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ထိုးနှံပေးခဲ့သည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံခြင်းကို အများပြည်သူများထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး အပတ်စဉ်သောကြာနေ့တွင် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ သိရသည်။

နော်ခူး(ပြန်/ဆက်)