ပိုင်ကျုံမြို့ဒေါ်လန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပိုင်ကျုံ စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ် စေရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထား သော ညွန်ကြားချက်နှင့်အညီ ပြည်သူများအား အသိပညာပေး ဆောင်ရွက်သည့်လုပ်ငန်းကို ယ‌နေ့နံနက်ပိုင်းက ဒေါ်လန်း ကျေးရွာအ၀င်၊ အထွက်လမ်းများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းကို‌ ဒေါ်လန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးလက် ကျန်းမာရေးဌာနမှ ဆရာ/မများ ပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Maskများ မဖြစ်မနေ တပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေး မပြုလုပ်ရန်၊ မိမိ အိမ်တွင် စနစ်တကျနေထိုင်ရန်၊ လက်များကို မကြာခဏဆေးကြောရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားခဲ့ပြီး Mask တပ်ဆင်လာခြင်းမရှိသူများအား ပညာပေးအနေဖြင့် Mask များ (အခမဲ့) ပေးဝေခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)