ကော့သောင်းနယ်စပ်ဂိတ်မှပြန်လည်ဝင်ရောက်လာသည့်မြန်မာရွေ့ပြောင်းအလုပ်သမားများအားအသွားအလာကန့်သတ် စောင့်ကြည့်ထားရှိ

ကော့သောင်း အောက်တိုဘာ ၃

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား၁၄၀ ဦး၊ အမျိုးသမီး ၃၈ဦး၊ စုစုပေါင်း အလုပ်သမား၁၇၈ဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့   ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်း ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား  မဟုတ်သူများပါဝင်လာခြင်းရှိမရှိ ၊မူးယစ်ဆေးဝါးသယ် ဆောင်လာခြင်းရှိမရှိ သတိပြုစစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှု များဆောင်ရွက်ပေးခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများကို ရောဂါပိုးစစ်ဆေးမှုများဆောင်ရွက်ပြီး ကော့သောင်းမြို့ရှိ Quarantine Center ()ခုတွင် အမျိုးသားအမျိုးသမီးသီးခြားစီခွဲခြားထားရှိအထူးကြပ်မတ်ကာ ()ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်စစ်ဆေးပြီး  ရောဂါပိုး တွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)