တွန်းဇံ အောက်တိုဘာ ၁
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဒုတိယအကြိမ်အခြေခံစားသောက်ကုန်များအား လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၉ နာရီ အချိန်ကခေါ်ဝုန် လေးဆန်း ရပ်ကွက်ရှိ ချင်းရွှေပြည်ခန်းမတွင် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးဟောက်ခုပ်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ် သော ပစ္စည်း(၉)မျိုးကို ဒုတိယအကြိမ် ရောင်းချပေးခဲ့သည်။
အဆိုပါ ဒုတိယအကြိမ် အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်(ဧရာမင်း)တစ်အိတ် ၅၆၀၀၀၊နှုန်းဖြင့် အိတ်(၁၄၀) ၊နေကြာဆီ တစ်ပိဿာ ၁၀၄၀၀၊ကြက်သွန်နီ တစ်ပိဿာ ၂၈၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၅၆၀၀၊ ဆားတစ်ထုပ် ၈၀၀၊ သကြားတစ်ပိဿာ ၂၄၀၀၊ ကုလားပဲ တစ်ပိဿာ ၄၈၀၀၊ အာလူး တစ်ပိဿာ ၂၈၀၀၊ မာမီးခေါက်ဆွဲခြောက်တစ်ဖာ ၁၂၀၀၀၊ ကြက်ဥ တစ်လုံး ၂၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဒုတိယအကြိမ်ရောင်းချပေးရာတွင် အိမ်ထောင်စု (၂၀၀)စုခန့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)