မင်းဘူး အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီက မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပ ပြုလုပ်သည်။
ထိုသို့ (၅၈) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ နှစ်ပတ်လည် အခမ်းအနားတွင် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်မှ ပေးပို့ သည့်သဝဏ်လွှာအား ဖတ်ကြားကာ ၂၀၂၂ ခုနှစ် အတွင်း မှုခင်းကိစ္စရပ်များတွင် စွမ်းစွမ်းတမံ ထူးချွန်စွာ ဖော်ထုတ်နိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များနှင့် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ ကြသော ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများအား ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက အမှုထမ်းကောင်း လက်မှတ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်း အမှတ်အဖြစ် Video Clip များဖြင့် ပြသခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)