မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်

မကွေး  အောက်တိုဘာ  ၂

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ အမှာစကား ပြောကြားသည်။   

အခမ်းအနားတွင် ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က “ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို  လွတ်လပ်ရေးရပြီးသည့်  နောက်ပိုင်းမှစတင်ပြီး၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ရာ ၁၉၆၄ခုနှစ်၊ ယမန်နေ့တွင် ပြည်သူလူထု အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်စာင့်ရှောက် သယ်ပိုးရန်  ရည်ရွယ်ကာ ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းလဲခဲ့ပြီး၊  ယင်းနေ့ကို ရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြောင်း၊ ၎င်းအပြင် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်င ံရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ ပေါ်ပေါက်လာစေရေး အသွင်သဏ္ဍန်ရော၊ အနှစ်သာရပါ ပြောင်းလဲအောင် စီမံဆောင် ရွက်လျက်ရှိကြောင်း၊ ပြည်သူကိုဗဟိုပြုသည့် ရဲလုပ်ငန်းစနစ်ဖော်ဆောင်မှုနှင့်အတူ ရည်မှန် ချက် တာဝန်လေးရပ်ဖြစ်သည့်  ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာ  မိမိတို့ လုပ်ပိုင်ခွင့် များဖြင့် ဥပဒေကို အသုံးပြုရာတွင်  ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ဝင်ကောင်းများအဖြစ်  ရဲတပ်ဖွဲ့၏သမာဓိဂုဏ်သိက္ခာ၊ ပြည်သူလူထု၏ ယုံကြည်မှုနှင့်  ဥပဒေနှင့်ညီညွတ်မှု စသည့် အချက်များဖြင့် ခိုင်မာအောင်တည် ဆောက်ပြီး၊ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုနိုင်ရေး မိမိအလုပ်တာဝန်ကို တန်ဖိုးထားဂုဏ်ယူစွာ အစဉ်ကြိုးပမ်း လုပ်ဆောင်သွားကြရမှာ ဖြစ်ပါကြောင်း ” ထည့်သွင်း ပြောကြားသည်။

ဆက်လက်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက်ထံမှ (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ်က  ဖတ်ကြား သည်။

ဆက်လက်ပြီး ၂၀၂၁ ခုနှစ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်အပ်နှင်းရာ ရဲဗလတံဆိပ်ရရှိခဲ့သည့် တပ်ဖွဲ့ဝင် များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး  လင်းထွဋ် တို့က ဂုဏ်ထူးဆောင် တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အထိမ်းအမှတ် Video Clip ပြသခြင်း အစီအစဉ်ဆောင်ရွက်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသောပြခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲ များက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)