ပြည်ကြီးမဏ္ဍိုင်မြို့ရှိ (၃) မွှာပူးကလေးမွေးသောမိသားစုအား ထောက်ပံ့ကြေးပေးအပ်

ပြည်ကြီးမဏ္ဍိုင်၊ စက်တင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအရှေ့ရပ်ကွက်ရှိ ကလေး (၃) မွှာပူးမွေးထားသော ဦးဇော်မျိုးလင်း၊  ဒေါ်နော်အယ်ဝါးမိသားစုအား ထောက်ပံ့ငွေ (၅) သိန်းနှင့် အနှီးပိတ်ဖြူ (၁၀) ပိုင်းကို ယနေ့နံနက် (၁၀) နာရီက ကော့သောင်းခရိုင် လူမှုဝန် ထမ်းဦးစီးဌာနက ပေးအပ်သည်။

အဆိုပါ ထောက်ပံ့ငွေရရှိသောမိသားစုတွင် ကလေး (၂) ဦးသာရှိပြီး တတိယကိုယ်ဝန်မှ မိန်းကလေး (၂) ဦး ယောက်ျား(၁)ဦး ပေါင်း(၃)ဦး မွေးဖွားခဲ့ကြောင်း ယခုချိန်တွင် ကလေး များ၏ အသက်မှာ(၇)လကျော်ပြီး ကျန်းမာလျက်ရှိကြောင်း ဖခင်ဖြစ်သူ ဦးဇော်မျိုးလင်းထံမှ သိရသည်။

မျိုးလွင်(ပြန်/ဆက်)