အင်္ဂပူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

အင်္ဂပူ အောက်တိုလာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လည်ပိုင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းနေကြာ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဆောင်းနေကြာစိုက်ပျိုး‌ရေး စီမံကိန်းလွဲရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ နေကြာစိုက်ပျိုးမှု အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းတာဝန်များ အသီးသီးပေးအပ်ခဲ့သည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၈၁)ခုတွင် ဆောင်းနေကြာသီးသန့်သီးထပ်(၂၂၄၃၂)ဧက၊ သီးညှပ်(၇၄၇၈)ဧက၊ စုစုပေါင်း (၂၉၉၁၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)