ညောင်ကုန်းချောင်းဖျား- သရက်ကုန်းလမ်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်

အိမ်မဲ အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းကျေးရွာများ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ညောင်ကုန်း ချောင်းဖျား- သရက်ကုန်လမ်း တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး ငွေလုံး ရန်ပုံ ငွေကျပ် (၂၅၉.၀၆၃)သန်းဖြင့် ကွန်ကရစ်လမ်း (၀/၅.၇)မိုင်ကိုဆက်လက်ခင်းကျင်း လျက်ရှိ ကြောင်း သိရသည်။

အဆိုပါလမ်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ်မေလ (၁၉) ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အောက်တိုဘာလ (၁)ရက်နေ့အထိ ပြီးစီးမှု ရာခိုင်နှုန်း (၉၀)ရှိပြီး လမ်းကြီးပြီးစီးပါက ညောင်ကုန်းချောင်းဖျားကျေးရွာနှင့် သရက်ကုန်းကျေးရွာ ကြားရှိကျေးရွာ (၂၈)ရွာမှ ပြည်သူ (၁၃၃၂၆)ဦ၏လူမှုရေး၊စီးပွားရေး၊ ကျန်းမာရေးတို့တိုးတက်လာ မည်ဖြစ်ကြောင်း သိရသည်။

ညောင်ကုန်းချောင်းဖျားကျေးရွာမှ သရက်ကုန်ကျေးရွာအထိ မိုင်စုစုပေါင်း ၁၂/၅ မိုင်ရှိပြီး ယခင်က လူထုလုပ်အားဖြင့်ဖောက်လုပ်ခဲ့သောလမ်းဖြင့်ကာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးရန်ပုံငွေ ကျပ်(၉၆.၃၀၀)သန်းဖြင့် ကွန်ကရစ်လမ်း (၀/၃.၈၃)မိုင်၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တိုင်းဒေသကြီးငွေလုံးရန်ပုံငွေကျပ်(၂၉၀.၂၅၀)သန်း ကွန်ကရစ်လမ်း (၁/၀) မိုင်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးရန်ပုံငွေကျပ် (၁၄၃.၇၃၀)သန်းကွန်ကရစ်လမ်း (၀/၄)မိုင်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တိုင်းဒေသကြီး ငွေလုံး ရန်ပုံငွေကျပ် (၂၅၉.၀၆၃)သန်း ကွန်ကရစ်လမ်း (၀/၅.၇)မိုင် စုစုပေါင်းကွန်ကရစ်လမ်း ဆောင်ရွက် ပြီးစီးမှုမှာ ( ၂/၅.၅၃)မိုင်ရှိကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ)