ချောက်မြို့နယ်တွင် (၅၈) နှစ်​မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့​နေ့ အခမ်းအနားကျင်းပ

ချောက် အောက်တိုဘာ 

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် (၅၈) နှစ်​မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့​နေ့အခမ်းအနားကို ယ​နေ့နံနက် ၉ နာရီအချိန်က  ​ချောက်မြို့မရဲစခန်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲမှူးက ရဲချုပ်၏ ရဲတပ်ဖွဲ့​နေ့ သဝဏ်လွှာအားဖတ်ကြားခဲ့ပြီး တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရုံးလုပ်ငန်းထူးချွန်ဆုဝတ်စားဆင်ယင်မှုဆု၊ စည်းကမ်း​ကောင်းမွန်​သောဆု၊​ နေအိမ်လိုင်းခန်းအသန့်ရှင်းဆုံးဆု၊ အကျိုးပြုလုပ်ငန်းစု​ပေါင်း ပါဝင်​ဆောင်ရွက်မှု အ​ကောင်းဆုံးဆု၊ စိုက်ပျိုး​ရေးနှင့်​မွေးမြူ​ရေးအ​ကောင်းဆုံးဆုများ​ပေးအပ်ချီးမြှင့်ခဲ့ သည်။

ထို​နောက် ခရိုင်ရဲတပ်ဖွဲ့မှူးက ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဒုတိယအုပ်ချုပ်​ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်​ဆောင်ပစ္စည်းများ​​ပေးအပ်ခဲ့ပြီး ရဲမှုထမ်း​​ဟောင်းများအဖွဲ့ ကိုယ်စားရဲမှူးဝင်းနိုင် (ငြိမ်း) အား လက်​ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရပ်ရွာ​အေးချမ်းသာယာ​ရေးနှင့် တရားဥပ​ဒေစိုးမိုး​ရေး​အတွက် ရဲတပ်ဖွဲ့နှင့် ပူး​ပေါင်းပါဝင်​ ဆောင်ရွက်​ပေး​သော မြို့​ပေါ်(၁၅)ရပ်ကွက်မှ အုပ်ချုပ်​ရေးမှူးများအား ဂုဏ်ပြု မှတ်တမ်းလွှာ​များ ပေးအပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ ကိုယ်စား အမှတ် (၅) ရပ်ကွက်အုပ်ချုပ်​​ရေးမှူးက လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဒုတိယအုပ်ချုပ်​ရေးမှူးနှင့် အဖွဲ့ဝင်များမြို့နယ် စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်း​ဟောင်းများ၊ ရဲမှုထမ်း​ဟောင်းများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ စုစု​ပေါင်း (၁၇၈) ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)