ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းသိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ချောင်းဦး    အောက်တိုဘာ  

ကလေးအလုပ်သမား ပပျောက်ရေးကိုရည်ရွယ်ပြီး ကလေးသူငယ်ဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ ရက်နေ့နံနက် ၁၁ နာရီက‌ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်လင်းက အရွယ်မရောက်သေးသူ ကလေးသူငယ်များ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံနေရမှု ပပျောက်စေရေးအတွက် ပြည်သူများ သိထားသင့်သည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးရာ ချောင်းဦးမြို့နယ် ဥပဒေအရာရှိ ဒေါ်ဌေးနန္ဒာလေးက ပြန်လည်၍ အကျယ်တ၀င့် ရှင်းလင်းဆွေး‌နွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ဥပဒေ အရာရှိက ရှင်းလင်းဆွေးနွေးရာတွင် ကလေးသူငယ်အဖြစ် သတ်မှတ်ထားသည့် အသက်အရွယ် အပိုင်းအခြား၊ ကလေးသူငယ်များ ရရှိနိုင်မည့် ဥပဒေအခွင့်အရေးများ၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား မတရား အခိုင်းအစေခံရလျင် အရေးယူမည့် ဥပဒေပါ ပြဌာန်းချက်နှင့် ပုဒ်မများ၊ နိုင်ငံတော်မှ ကလေးသူငယ်များအတွက် ကာကွယ်ပေးနေသည့်  အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဥပဒေ ပုဒ်မများဖြင့် အ‌သေးစိတ် ရှင်းလင်းဆွေနွေးခဲ့ကြောင်း သိရသည်။

ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူမှုမီဒီယာ Facebook Page တွင် ရုပ်သံလွှင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)