တောင်ငူ အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး ၊တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမတွင် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ဆည်ရေသောက်ဧရိယာများ သုံးသီးစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုမြင့်မားရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး၊ ကျေးလက်ကျန်းမာရေး သားဖွားဆရာမများ အင်အားဖြည့်တင်းရေး၊ ရပ်ကွက်ကျေးရွာလုံခြုံရေး၊ မမှန်မကန်သတင်းမှားများအား သတင်းမှန်ချပြရေး၊ အဖွဲ့အစည်းအမျိုးမျိုးအမည်သုံး၍ ခြိမ်းခြောက် ငွေညှစ်မှုများရှိပါက တိုင်ကြားရေး၊ ကျောင်းကျန်းမာရေး အာဟာရတိုက်ကျွေးရေး၊ ကျေးလက်လျှပ်စစ်မီးလင်းရေး၊ ဧည့်စာရင်းစစ်ဆေးရေး၊ ရပ်ရွာသန့်ရှင်းသာယာလှပရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။
ထိုအစည်းအဝေးသို့ မြို့နယ် စိုက်ပျိုးရေး၊ မြေစာရင်းနှင့်လျှပ်စစ်ဌာနများမှ တက်ရောက်ပြီး မူဝါဒဆိုင်ရာများ၊ ညွှန်ကြားချက်များ ချပြအသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု(၆၄) အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)