ရွှေကျင်မြို့နယ်တွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ရွှေကျင်  အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၊ နှစ်ပတ်လည်နေ့အခမ်းအနားကို  ယနေ့နံနက် ၈ နာရီအချိန်  ရွှေကျင်မြို့မရဲစခန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်မှ ပေးပို့သောသဝဏ်လွှာအား ရွှေကျင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်က ဖတ်ကြားခဲ့သည်။ ထို့နောက် ရွှေကျင်မြို့နယ် ရဲတပ်ဖွဲ့နယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းရေး လုပ်ငန်းများတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင် များနှင့်ပူးပေါင်း၍ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် ရွှေကျင်မြို့မရဲစခန်းတွင် တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ရဲမှုထမ်းဟောင်းများအား ဂုဏ်ပြုလက်ဆောင်များကို စစ်ဗျူဟာအခြေချ (ရွှေကျင်) စစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော်ဖုန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်နှင့် ဒုရဲမှူးကျော်ဝင်းထွန်းတို့က ဂုဏ်ပြုမှတ်တမ်းများနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ စစ်ဗျူဟာအခြေချ (ရွှေကျင်) စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊  ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)