ပဲခူးမြို့တွင် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပဲခူး   အောက်တိုဘာ  

CMP စက်ရုံများဖြစ်သည့် မြန်မာစတားအထည်ချုပ်စက်ရုံနှင့် ဆုစ်စတားအထည်ချုပ်စက်ရုံတို့ရှိ အလုပ်သမားများအား အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုလျော့နည်းစေရန်အတွက် ဥပဒေပါရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များကို သိရှိစေရန် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့တို့မှ ကျင့်သုံးလျက်ရှိသော အလုပ်သမားဥပဒေပါ အကြောင်းအရာများအား အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က အဆိုပါစက်ရုံးများ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ အလုပ်ရုံးနှင့်အလုပ်သမားစစ်ဆေးရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တို့မှ တိုင်းဦးစီးမှူးများ က အလုပ်သမားဥပဒေပါအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)