မင်းဘူး အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နေကြာသီးနှံ ၄၃၅၆၈ ဧက ကို တိုးချဲ့၍ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုး၊ ဆောင်း စိုက်ပျိုးချိန်တွင် နေကြာသီးနှံကို မိုး ၁၀၀၆၄ ဧက၊ ဆောင်း ၃၃၅၀၄ ဧကဖြစ်၍ စုစုပေါင်း ၄၃၅၆၈ ဧကအထိ စိုက်ပျိုးသွားဖို့ လျာထားဆောင်ရွက်လျက်ရှိကြောင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် မြို့နယ်အတွင်း စားသုံးဆီများ ဖူလုံကာ တောင်သူတွေလည်း မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းများ စိုက်ပျိုးရေး လုပ်ငန်းကနေ ဝင်ငွေတိုးလာမှာဖြစ်ပြီး မျိုးကောင်းမျိုးသန့် ရရှိရေးနဲ့ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း မင်းဘူးမြို့ စိုက်ပျိုးရေး ဦးစီးဌာန လ/ထ ဦးစီးမှူး ဦးဇော်မင်းသူက ပြောသည်။
ဇေယျာထက်(မင်းဘူး)