သရက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် (၉)နာရီက သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယ ရဲမှူးကြီး ဝင်းနိုင်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ်ထံမှ ပေးပို့သည့် (၅၈)နစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာ ဖတ်ကြားပေးပြီး ရဲမှုထမ်းဟောင်းအဖွဲ့ဝင် (၁၁) ဦးအား ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးနှင့် တာဝန်ရှိသူအသီးသီးက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် သရက်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် စာရေးဝန်ထမ်း(၃)ဦးအား လုပ်ငန်းကျေးပွန်မှုအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီးနှင့် တာဝန်ရှိသူများက ဆုများချီမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)