ပခုက္ကူမြို့၌ (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပခုက္ကူ အောက်တိုဘာ ၁

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၁ရက်နေ့တွင် ကျရောက်သည့် (၅၈)နှစ်မြောက ်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီက ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်မှပေးပို့သည့် (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာကို မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးယုနိုင်က ဖတ်ကြားသည်။

ဆက်လက်၍ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး/ပခုက္ကူတပ်နယ်မှူး ဗိုလ်မှူးကြီး မင်းမောင်က လုံခြုံရေးတာဝန်ကျေပွန်မှု အကောင်းဆုံးဆုရရှိသူအားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးယုနိုင်က လုပ်ငန်းကြိုးစားဆောင်ရွက်မှု အကောင်းဆုံးဆု ရရှိသူများအားလည်းကောင်း၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇေယျာလင်းအောင်က အားကစားပြိုင်ပွဲဆုရရှိသူများအားလည်းကောင်း၊ ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန္ဒာစိုးက နေအိမ်လိုင်းခန်းသန့်ရှင်းသပ်ရပ်မှု ဆုရရှိသူများအားလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)