ကော့သောင်းခရိုင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ကော့သောင်း အောက်တိုဘာ ၁

(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက် ၊နံနက် (၇)နာရီ က ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ခန်းမတွင်ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ကော့သောင်းခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မျိုးသန့်နှင့် ခရိုင်နှင့်မြို့နယ်အတွင်းရှိ ရဲအရာရှိများ၊ နယ်စပ်ဒေသသတင်းရဲတပ်ဖွဲ့စု၊ ရေကြောင်းရဲတပ်ဖွဲ့စု၊ လေကြောင်းရဲတပ်ဖွဲ့စု၊ အမှတ်(၇၅)ယာဉ် ထိန်းရဲတပ်ဖွဲ့စု၊ အမှတ်(၃၄)မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်၊ အမှတ်(၃)မှုခင်းရဲတပ်ဖွဲ့စိတ်နှင့် ကမ္ဘာလှည့်ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့စိတ်တို့မှ ရဲအရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ   တက်ရောက်သည်။

အစီအစဉ်အရ      မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊        ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်ထံမှ ပေးပို့သော      (၅၈)နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်မျိုးသန့် မှ   ဖတ်ကြားသည်။

ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲမှူးနှင့် တာဝန်ရှိသူများက၊ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ခရိုင်နှင့်မြို့နယ်အတွင်း ရဲတပ်ဖွဲ့လုပ်ငန်းများနှင့် ရုံးလုပ်ငန်းများတွင် ထူးချွန်စွာ တာဝန်ဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၊  ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်မိသားစုများမှ ဘက်စုံထူးချွန်ဆုရရှိသူများ၊ လူမှုရေးလုပ်ငန်းများတွင်  ထူးချွန်သည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို အထိမ်းမှတ်နေ့ ဂုဏ်ပြုဆု ၊ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထိုနောက် ရဲတပ်ဖွဲ့နေ့ဂုဏ်ပြုသည့်အနေဖြင့် ကော့သောင်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့်   လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်မှု  မှတ်တမ်းများ ဗီဒီယိုကလစ်ကိုပြသ ပြီးအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)