ပြည်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေးနှင့် ဆိုင်ကယ်မောင်းနှင်၊ စီးနှင်းသူများ ဆိုင်ကယ်ဦးထုပ် စနစ်တကျ တပ်ဆင်ကြရန် အသိပညာပေး ဆောင်ရွက်

ပြည်  အောက်တိုဘာ  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း က တာဂွလမ်းဆုံ၊ အမှတ်()ရဲစခန်းရှေ့နှင့် ဗိုလ်ချုပ်လမ်း မြို့မရဲစခန်းရှေ့တို့၌ နှာခေါင်းစည်း Mask များနှင့် ဆိုင်ကယ် မောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ တပ်ဆင်မောင်းနှင်ကြရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က အသိပညာပေးကာလအဖြစ်  ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆိုင်ကယ်ဦးထုပ် စနစ်တကျ တပ်ဆင်ကြရန် အသိပညာပေးခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မပါရှိသူများအား တစ်ဦး (Mask) ခုကို တစ်ထောင်ကျပ်နှုန်းဖြင့် ဝယ်ယူစေပြီး၊ ဆိုင်ကယ်ဦးထုပ် မပါရှိသူများအား အသိပညာပေးကာလအဖြစ် ငွေကျပ် တစ်သောင်း ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း နံနက် နာရီမှ နေလယ် ၁၂ ထိ တစ်ကြိမ်၊ မွန်းလွှဲ နာရီမှ ညနေ နာရီ ထိ ၁ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုစိုး(ပြည်)