အိမ်မဲမြိုနယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၈၇၆) အား လူမှုရေးပင်စင် (၂၆၀၁၀၀၀၀)ကျပ် ထောက်ပံပေးအပ်

အိမ်မဲ အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒုတိယ (၃)လပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများအတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနော်ဝင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဝေဝေထွန်းနှင့် ဝန်ထမ်းများ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

ထိုကဲ့သို့ထောက်ပံ့ပေးအပ်ရာတွင် အိမ်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၂)အုပ်စုမှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် သက်ကြီးဘိုးဘွား (၈၇၆)ဦးအတွက် စုစုပေါင်းငွေကျပ် (၂၆၀၁၀၀၀၀)ကို တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့‌ကြပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)