လဟယ် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစမှအသက်(၅)နှစ်အောက် ကလေးသူငယ်များအား ဗီတာမင်အေနှင့်သန်ချဆေး တိုက်ကျွေးမှုကို ယမန်နေ့ နံနက်(၉)နာရီအချိန် မြို့နယ် မိခင်ကလေးစောင့်ရှောက်ရေးဌာနတွင် စတင်တိုက်ကျွေးလျက်ရှိပါသည်။
အဆိုပါ ဗီတာမင်အေနှင့် သန်ချဆေးကို မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေးသူငယ်အားလုံးကို တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားပါသည်။
မြို့နယ် ပြန်/ဆက်