အင်းကောက်ကျေးရွာ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

အင်္ဂပူ စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာန ဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူလူထု‌တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အိုးကွဲအုပ်စု၊‌ အင်းကောက်ကျေးရွာဘုန်းကြီး‌ကျောင်းတွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် အင်္ဂပူမြို့နယ် စီမံအုပ်‌ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်လှိုင်က နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်‌ပေးနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများမှ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးနေမှုများ၊ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ၊ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးစသည့်တို့အား မိမိတို့ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့ပြီး မြန်အောင်ခရိုင်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များက လုံခြုံရေး ဆိုင်ရာကိစ္စရပ်များအား ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့‌နောက် ဒေသခံပြည်သူများမှ‌ တင်ပြသည့် လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိုနှိုင်းပေးခဲ့ ကြောင်းနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)