ဒေးဒရဲ စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေပွဲ အခမ်း အနားကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း အခြေခံမဲ စာရင်းမှန်ကန်မှုရှိစေရေး၊ မြေပြင်စာရင်းအမှန်ရရှိရေး တိုက်ဆိုင်စစ်ဆေးသွားရန်၊ ကျေးရွာစိုက်ကွင်း များတွင် ဖျက်ပိုးများ ကျရောက်ပါက ဒေသအာဏာပိုင်များနှင့် ဆက်သွယ်၍ ကာကွယ်ရေးနည်းလမ်းများ ရယူဆောင်ရွက်ကြရန်၊ နွေစပါးအား အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု များပြားလာသည့်အတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ရေး၊ အသိပညာပေး Mask Campaign များ ဆောင်ရွက်သွားရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်၊ ကျေးရွာ များတွင် ဆောင်ရွက်သွားရန်၊ မြို့ပေါ်ကျေးရွာများတွင် အပတ်စဉ်သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်သွားရန်၊ ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက နယ်မြေ အေးချမ်းသာယာရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ ကြောင်း သိရသည်။
အေဇာလင်း