ဒိုက်ဦးမြို့၌ အသက် ၈၅ နှစ်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဒိုက်ဦး  စက်တင်ဘာ  ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွထွအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်း က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် အတွက် ဒိုက်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ထွဋ်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝေယံကျော်တို့က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဒိုက်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ယခုထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်သည် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလအတွက် တစ်လလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် လစာအတွက် ကျပ် ၃၀၀၀၀ နှုန်းကို ဒိုက်ဦးမြို့နယ်အတွင်းရှိ သက်ကြီးအဘိုး/အဘွား ၈၂၆ ဦးအား  ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)