မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပလတ်စတစ်သုံးစွဲမှု လျော့နည်းပပျောက်ရေး Talk Show ဆွေးနွေးပွဲပြုလုပ်

ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၃၀

သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုမရှိစေရေး စိမ်းလန်းစိုပြေရေး ဂေဟစနစ်များပျက်စီးမှုမရှိစေရေး မြေဆီမြေလွှာများပျက်ဆီးမှုနှင့် သား၊ ငါး၊ တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု အန္တရာယ်များမရှိစေရေးအတွက် မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာရှောင်ရှားနိုင်ပြီး ပလတ်စတစ်သုံးစွဲမှုအား လျော့ချ လျော့နည်း ပပျောက်နိုင်စေရေးအတွက် Talk Show ဆွေးနွေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ ပလတ်စတစ်သုံးစွဲမှု လျော့နည်းပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းနှင့် အငယ်တန်းစာရေး ဒေါ်စန်းပပလှိုင်တို့မှ ပလတ်စတစ်သုံးစွဲမှုမှ ဖြစ်ပေါ် လာမည့် သဘာဝပတ်ဝန်းကျင်အား သက်ရောက်မှုဆိုးကျိုးစသည့် အကြောင်းအရာများနှင့် ပလစ်စတစ်သုံးစွဲမှုအား အခြားသောအရာဝတ္ထုဖြင့် အစားထိုးသုံးစွဲနိုင်ရေးစသည့် အ‌ကြောင်း အရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော အကြောင်းအရာ အချက်အလက်များအား လေ့လာသိရှိနိုင်စေရေး အတွက် စဉ်ဆက်မပြတ် အသိပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ Talk Show ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ကျင်းပ၍

Online မှတစ်ဆင့် ပြန်လည်ထုတ်လွှင့်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် လေ့လာသိရှိ လိုသည်များအား We live Kyairinn Seikkyi Facebook page စာမျက်နှာ၌ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)