အခြေခံပညာ ကျောင်းသား ကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၃၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိဘပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး စာအုပ်စာစောင်များ ဖတ်ရှုလေ့လာတတ်သော အလေ့ကျင့်ကောင်းများဖြစ်ပေါ်ပြီး စာဖတ်ရှိန်မြင့်မားတိုးတက်လာစေရေးအတွက် မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းသွား ရောက်ပြီး သုတ၊ ရသ စာအုပ်စာစောင်များအား အခမဲ့စနစ်တကျ ငှားရမ်းပေးလျက်ရှိ ကြောင်းသိရသည်။

အဆိုပါ စာအုပ်စာစောင်များအား မိုဘိုင်းစနစ်ဖြင့် အခမဲ့ကွင်းဆင်း၍ သွားရောက်ငှားရမ်း ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမ ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသ၊ ပုံပြင်၊ ရုပ်ပြ၊ ရွှေသွေးဂျာနယ်စသည့် စာအုပ်စာစောင်များအား အချိန်တစ်ပတ်ခန့် ပေး၍ စနစ်တကျငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သုတ၊ ရသ စာအုပ်စာစောင်များအား အခမဲ့ စနစ်တကျငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် မိဘပြည်သူ လူကြီးလူငယ်မရွေး တနင်္လာနေ့ရုံးဖွင့်ရက်မှ စနေနေ့အထိ နံနက် ၉ နာရီခွဲ အချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ လာရောက်ဖတ်ရှုလေ့လာနိုင်ပြီး စာငှားသူတစ်ဦးလျင် စာအုပ် (၂) အုပ်နှုန်းဖြင့် ၃ ရက်အကြာ အခမဲ့ စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)