သံတောင်ကြီး စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အများအားဖြင့် စိုက်ပျိုး ရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြသော်လည်း မိသားစုအပိုဝင်ငွေရရှိစေရန် အိမ်မှုကိစ္စတာဝန်ယူဆောင်ရွက်နေသည့်အမျိုးသမီးများက တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကိုအိမ်တိုင်းနီးပါး မွေးမြူကြကြောင်း သိရသည်။
ဒေသဝက်များကို အိမ်မှာနေခြင်းဖြင့်အပိုဝင်ငွေရရှိစေရန်အတွက် မွေးမြူခြင်းဖြစ်ကြောင်း၊ ဝက်မ(၂)ကောင်ရှိလျှင် သားပေါက်ပါက အနည်း ဆုံး(၁၅)ကောင်မွေးသည့်အတွက် တစ်နှစ်လျှင်ဝက်များမှရသော အမြတ်ငွေမှာ(၁၀)သိန်းခန့် ရရှိကြောင်း၊ ဝက်သားပေါက်(၄၅)ရက်ပြည့်လျှင်ရောင်းချပြီး တစ်ကောင်ကိုကျပ်(၁၂၀၀၀၀)ခန့်ရရှိကြောင်း၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် ဝက်မွေးမြူခြင်းလုပ်ကိုင်နေ သောနော်အယ်ခူထံက သိရသည်။
နော်နော်မူ