သံတောင်ကြီးမြို့တွင်လက်ဖက်မွှေးစိုက်ပျိုးခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ

သံတောင်ကြီး စက်တင်ဘာ ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ လက်ဖက်မွှေးစိုက်ပျိုးခြင်းလည်းတစ်ခုအပါအဝင်ဖြစ်သည်။

လက်ဖက်မွှေးပင်များစိုက်ပျိုးပြီး   တစ်နှစ်ခန့်တွင်အရွက်များခူးယူနိုင်ပြီး  အရွက်များကိုတစ်နှစ်လျှင် (၄)ကြိမ်မှ(၅)ကြိမ်အထိဆွတ်ခူးနိုင် သည်။ခူးယူပြီးလက်ဖက် မွှေးအရွက်များကို ရေနှင့်သေချာစွာ သန့်စင်ဆေးကြောပြီးနေပူလှမ်းကာ မီးဖြင့် မပူမအေး  စနစ်တကျသေချာစွာ အခြောက်ခံရသည်။ ထို့နောက်လက်ဖက်မွှေးအရွက်ခြောက်များကိုစတနစ်တကျထုပ်ပိုးကာသံတောင်ကြီးမြို့ပေါ်တွင် သာမကတောင် ငူမြို့ရှိ  ကုန်စုံဆိုင်များတွင် တင်သွင်းရောင်းချရသည့်အတွက်  မိသားစုအပိုဝင်ငွေရရှိကြောင်း  လက်ဖက်မွှေးစိုက်ပျိုးထုတ်လုပ်ရောင်းချသူ  နော်တော့နော်ထံကသိရသည်။   

အဆိုပါ လက်ဖက်မွှေးခြောက်များကို လက်ဖက်ခြောက်နှင့် ရောနှောထည့်ကာရေနွေးကြမ်းအဖြင့် သုံးဆောင်နိုင်ပြီးအနံ့မွှေးကာ ဆေးဖက် ဝင်ကြောင်း သိရသည်။

နော်နော်မူ