အောင်လံမြို့၌  သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးအပ်

အောင်လံ စက်တင်ဘာလ ၃၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ကြီးဘိုးဘွား(၁၅)ဦးအား ကွေကာ၊ မုန့်၊ Maskနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ကိုယ်ဝန်ဆောင်မိခင် (၁၈)ဦးအား ကိုယ်ဝန်စောင့်ရှောက်ပေး ခြင်း၊ ကွေကာ၊ ကြက်ဥ၊ ငှက်ပျောသီးနှင့် Mask များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)