ချောက် စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈နာရီအချိန်က အမှတ် (၁၄)ရပ်ကွက် စစ်ကွင်းရပ်မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းကအရန်မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ခဲ့ရာသင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၇၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သင်တန်းအား စက်တင်ဘာ ၅ ရက်မှ စက် တင်ဘာ ၃၀ ရက်နေ့ အထိဖွင့်လှစ်ခဲ့ပြီး နေ့စဥ် ညနေ ၄ နာရီ မှ ၆ နာရီ အထိ သင်တန်းသား ၅၀ ဦးအား လက်နက်မဲ့စစ်ရေးပြခြင်း၊မီးငြိမ်းသတ်ခြင်း၊ ခေတ်မီမီးသတ်ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် ရှာဖွေကယ်ဆယ်ရေးနည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)