မင်းလှမြို့တွင် နေအိမ်ပြင်ပသွားလာသော ပြည်သူများကို နှာခေါင်းစည်းများ မဖြစ်မ‌နေ တပ်ဆင်ရေး ဆောင်ရွက်

မင်းလှ စက်တင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့နံနက်ပိုင်းက သရက်တပင်အုပ်စု၊ သရက်တပင်တာဆုံ၌  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရေးကို ရည်ရွယ်၍ နေအိမ်ပြင်ပသို့ သွားလာကြသော ပြည်သူများကို နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး ပြုလုပ်ခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေးကို အသိပညာပေး ကာလတွင် အခမဲ့ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပြီး၊ ယခုတွင် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများကို ငွေတစ်ထောင်ကျပ်နှုန်းဖြင့် Mask (၅)ခု ဝယ်ယူရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)