ရွှေတောင်မြို့နယ်တွင် နှာခေါင်းစည်း တပ်ဆင်သွားလာရေး (Mask Campaign) ဆက်လက်ဆောင်ရွက်

ရွှေတောင် စက်တင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူး​ပေါင်းပြီး ရွှေတောင်မြို့နယ် မြို့ဝင်တိုးဂိတ်အနီးတွင် ယမန်နေ့နံနက် (၈:၀၀) နာရီကစ၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ခရီသွားလာသူပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)  စနစ်တကျ တပ်ဆင်ကြရန်အတွက် နှာ‌ခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။  

ထိုသို့ Mask Campaign ပြုလုပ်ရာတွင်​​ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ဝန်ထမ်းများ၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီဝင်များ စ​သည့် ပူးပေါင်းအဖွဲ့များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် လိုက်နာကြရန်၊ ခရီသွားလာသူ ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်၍ သွာလာကြစေရန် ရည်ရွယ်၍ ပြည်သူများအားလုံး နှာခေါင်းစည်း တပ်ဆင်ကြ​စေရေး လှုပ်ရှားမှုအဖြစ် Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကိုကိုမင်း (ပြန်/ဆက်)