မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ နတ်မောက်မြို့ပြည်သူ့ဆေးရုံးကြီးတွင် အဟာရအစားအစာများထောက်ပံ့

နတ်မောက်  စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ နတ်မောက်မြို့ပြည်သူ့ဆေးရုံးကြီးတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က  ဆေးရုံတက်လူနာများအား အာဟာရအစားအစာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးရာသို့ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နတ်မောက်မြို့နယ် အမျိုးသမီးရေးရာနှင့်မိခင်ကလေး စောင့်ရှောက်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတို့က ပြည်သူ့ဆေးရုံးကြီးအတွင်းရှိ ဆေးရုံတက်လူနာ(၄၈)ဦးတို့အား   အာဟာရအစားအစာများဖြစ်သည့် ကြက်ဥ၊ ငှက်ပျောသီးနှင့်ထောက်ပံ့ငွေများကို လူနာတစ်ဦးချင်းစီ လိုက်လံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှဝင်း (ပြန်/ ဆက်)