ခရိုင်ပြည်သူ့ဆေးရုံးဝန်းအတွင်း နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေ

သရက် စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီးသရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံးသို့ လာရောက်သူများအားနှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံးဝန်း အတွင်းဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါ နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေဆောင်ရွက်ရာတွင် ခရိုင်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် လာရောက်ကြသည့် ပြည်သူများ၊ ဆေးရုံ စောင့်များ၊ ဆေးရုံတက်ရောက် ကုသနေကြသူများအား သတင်းမေး လာရောက်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန်ဝေပြီး ယခုဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲ တွေ့ရှိမှုနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခြင်း၊ အပြင်သို့ သွားလာရာနှင့် လူထူထပ်သောနေရာများသို့ သွားလာရပါက နှာခေါင်းစည်း (Mask) များ တပ်ဆင် သွားလာကြရန် ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)