စလင်း စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ တတိယအကြိမ် ပါတီညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ယနေ့နံနက် ၇ နာရီ ၃၀ အချိန်က စားသုံးကုန်(၅)မျိုးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း ဝင်ငွေနည်းပါးသည့် ပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) ပြည်နှုန်းဖြင့် ဝယ်ယူနိုင်ကြစေရန်အတွက် ရောင်းချပေးရာတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဝင်များက ရောင်းချပေးလျက်ရှိရာ ဆန်တစ်ပြည် (၁၅၀၀) ကျပ်၊ ဆီတစ်ဘူး (၃၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာ (၂၀၀၀)ကျပ်၊ ကြက်ဥ(၅လုံး ၅၀၀ကျပ်၊ ငါးခြောက်တစ်ထုပ် ၁၀၀၀ ကျပ်ဖြင့် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စျေးနှုန်းချိုသာစွာဖြင့် ရောင်းချရာတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ အသင်းဝင်များနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများက ပူးပေါင်းကူညီရောင်းချခဲ့ရာတွင် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ စည်းကမ်းတစ်ကျတန်းစီ၍ ဆောင်ရွက်ခဲ့ပြီး စျေးနှုန်းချိုသာစွာဖြင့် ရောင်းချရာတွင် ပြည်သူအများအား နှာခေါင်းစည်း (MASK) များအား အခမဲ့ဝေငှခဲ့ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ သိရသည်။
မောင်လွင်(စလင်း)