ပြည်မြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သက်သာသောစျေးနှုန်းဖြင့် စားသုံးဆီများ လှည့်လည် ရောင်းချပေး

ပြည် စက်တင်ဘာ ၃၀

အဆိုပါ စားသုံးဆီများကို စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ ပြည်မြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများအတွက် စားသုံးဆီ ၁ ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး စုစုပေါင်း ပိဿာ ၆၆၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားသုံးဆီများကို  အခြေခံလူတန်းစားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် စျေနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးခြင်းဖြစ်ပြီး အလားတူ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာနှင့် အခြေခံလူတန်းစားများ နေထိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင်လည်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကိုစိုး(ပြည်)