အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

အိမ်မဲ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက သက်ဆိုင်ရာ ဌာနရုံးအသီးသီးတွင် လုံခြုံရေးကို အထူးဂရုစိုက်ကြရန်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်း စည်းကမ်းလိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အပြင်ထွက်သူတိုင်း နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာနိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့များဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၁၄၄ အမိန့်ထုတ်ထားသည့် ည ၁၂ နာရီမှ နံနက် (၄) နာရီ အတွင်း အပြင်ထွက်သွားလာခြင်းမပြုကြရန် စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသက် ၈၅ နှစ်အထက် ဘိုးဘွားများ ထောက်ပံ့ငွေပေးအပ်ခြင်းကို ဌာနဆိုင်ရာ အကြီးအကဲများ အဖွဲ့(၅)ဖွဲ့ဖြင့် ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်မှုကြီးကြပ်‌ကြရန်၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး ဆောင်ရွက်ကြရန်၊ ယာဉ်တိုက်မှု ၅၀ ရာခိုင်နှုန်း လျော့ကျရေး ဆပ်ကော်မတီအသီးသီးမှ ကြီးကြပ်ဆောင်ရွက်ကြရန်၊ ကိုဗစ်ရောဂါနှင့် ပတ်သက်၍ အိမ်မဲမြို့နယ်တွင် positive လူနာ(၁၆)ဦးရှိ နေပြီဖြစ်ကြောင်း၊ ပိုးတွေ့လူနာများ အားလုံးသည် ကာကွယ်ဆေးအကြိမ်ပြည် ထိုးနှံထားသူများ ဖြစ်ကြောင်း၊ ပြည်သူများ Mask တပ်ဆင်သွားလာ‌ရေးအတွက် အသိပညာ‌ပေး ဆောင်ရွက်ခဲ့ပြီး ထားရှိပြီးဖြစ်၍ Mask တပ်ဆင်မရှိပဲ သွားလာမှု၊ ဈေးရောင်းချမှုများ မရှိစေရေး စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မြို့သန့်ရှင်းသာယာ လှပ‌ရေးအတွက် အပတ်စဉ် စ‌နေ့နေ့တိုင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက် လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းများအကြောင်း ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပါဝင်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။

အိမ်မဲ(ပြန်/ဆက်)